ထန်တလန်မြို့နားက ရွာတစ်ရွာကို စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Un pódcast de BBC Burmese Radio
ထန်တလန်မြို့နားက ရွာတစ်ရွာကို စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်း ကျေးရွာနေအိမ်တွေ နေ့စဉ်ဆိုသလို မီးရှို့ခံရပြီး အိမ်ပေါင်း ရာကျော် ပျက်စီးခဲ့၊ ရွှေကူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေတဲ့ တိမ်းရှောင် ပြည်သူတွေကို မတ်လ၂၉ ရက်နေ့က စစ်တပ်၊ ထွေအုပ်နဲ့ ရဲ တွေက မူလရွာမှာ ပြန်နေဖို့ ဖိအားပေးပြီး ပြန်ခိုင်း၊ အမေရိကန်နိုင်ငံကို လနဲ့ချီ ထွက်ပြေးခိုလှုံနေတဲ့ ဘရာဇီးသမ္မတဟောင်း အခုအခါ နေရပ်တိုင်းပြည် ပြန်ရောက်လာ၊ အမေရိကန်အခြေစိုက် Wall Street Journal သတင်းစာတိုက်ရဲ့ သတင်းသမား ရုရှားမှာ အထိန်းသိမ်းခံရ၊ ဖိလစ်ပိုင်နိုင်ငံမှာ ၆ လသား ကလေးငယ်တစ်ဦးအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့တဲ့ ကူးတို့သင်္ဘောတစ်စင်း မီးလောင်ခဲ့မှုကနေ အသက်ရှင် လွတ်လာနိုင်ဘွယ်လူတွေကို လိုက်လံကယ်ဆယ်နေ
